အင်္ဂပူ ၉ အောက်တိုဘာ
အင်္ဂပူမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၃ နာရီက အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု ခွေးတောက်ချောင်းကျေးရွာ၊ လန်တာကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် နံကပ်ကျေးရွာတို့ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများနှင့် ကျွဲသောင်ကျေးရွာမှ လေဘေးသင်အိမ်ထောင်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက အောက်တိုဘာ ၆ ရက်က ခွေးတောက်ချောင်းအုပ်စု ခွေးတောက်ချောင်းကျေးရွာ၊ လန်တာကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် နံကပ်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ အလုံး(၃၀)၊ အိမ်ထောင်စု(၃၀) အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၃၀၀၀ဝဝဝ၊ လူဦးရေ (၁၀၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေကျပ် ၂၂၂၆၀ဝ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး ကျပ် ၃၂၂၂၆၀၀ နှင့် အောက်တိုဘာ ၂ ရက်က ကျွဲသောင်ကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာ၌ လေပြင်းတိုက်မှုကြောင့် လူနေအိမ် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် ၄၀ဝဝဝ၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေကျပ် ၈၄၀ဝ စုစုပေါင်းထောက်ပံ့တန်းဖိုးငွေကျပ် ၄၈၄ဝဝ တို့ကို ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


