ညောင်တုန်း ၉ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ရန်ကုန်-ပုသိမ် ကားလမ်းမဘေး မိုင်တိုင် (၃၃/၄) နှင့် (၃၃/၅) ကြားတွင် အမှတ် (၂) ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံ ညောင်တုန်းမှ ကန်ကြီးထောင့်သို့ သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ထွက်ရာမှ မီးလောင်ဒဏ်ရာ ရရှိသူများအား ယနေ့ နံနက် ၁၀ နာရီက ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်ဆန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းစံနှင့် တာဝန်ရှိသူများက မီးလောင်ဒဏ်ရာရရှိခဲ့သည့် ၁၀ ဦးအနက် ညောင်တုန်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ ခုနစ်ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ ငါးသောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း ၃၅၀၀၀၀ ကျပ်ကို လည်းကောင်း၊ မအူပင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသူ သုံး ဦးအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးနှင့် မအူပင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက တစ်ဦးလျှင် ငါးသောင်းနှုန်းကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း ၁၅၀၀၀၀ ကျပ်ကို လည်းကောင်း မီးလောင်ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


