မုံးကိုး  ၉ အောက်တိုဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၁၀ နာရီခန့်က အမှတ်(၆) ရပ်ကွက်မှ တောင်သူဦးဇော်ဂမ်၏ မိုးစပါးစံကွက်ကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးအစို တင်း (၁၅၀) ထွက်ရှိကြောင်း သိရသည်။

“မုံးကိုးမြို့မှာရှိတဲ့ မိုးစပါးစံကွက်တွေမှာ စပါးအထွက်တိုးဧည့်မထ (အထွက်ကောင်း)မျိုးကို စိုက်ပျိုးထားပြီး အခြား စပါးမျိုးထက် ပိုမိုအောင်မြင်ဖြစ်ထွန်းလာပါတယ်၊ ယခု စံကွက်ရိတ်သိမ်းပြီး စပါးအစို တစ်ဧကမှာ တင်း (၁၅၀)ထွက် ရှိတယ်၊ စပါးအခြောက်(၁၃၅)တင်းနဲ့ ညီမျှပါတယ်"ဟု မုံးကိုးမြို့၊ လယ်ယာမြေစီမံခန့်ခွဲ‌‌ ရေးနှင့်စာရင်းအင်းဦးစီး ဌာနမှ မြို့ဦးစီးမှူးဦးထွန်းသန်းဦးက ပြောကြားသည်။ 

အဆိုပါ မိုးစပါးစံကွက်  ရိတ်သိမ်းချိန်တွယ်ရာတွင် မုံးကိုးမြို့၊ မြို့အုပ်ချုပ်‌ရေးမှူး ဦးမျိုးလွင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနာမှ မြို့ဦးစီးမှူး ဦးသန်းဇော်ဦး၊ လယ်ယာမြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းဇော်ဦး(ပြန်/ဆက်)