နေပြည်တော် ၉  အောက်တိုဘာ 

 

အောက်တိုဘာ ၈ ရက် ညနေ ၁၆ နာရီ ၄၅ မိနစ်က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၆)တွင် စောနောင်ဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၇၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် စောနောင်ဝင်း (၄၉) နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား