တောင်ကြီး ၉ အောက်တိုဘာ
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ရန်ကုန်မြို့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် သူနာပြုဝန်ထမ်း ၂၀ ဦးအတွက် ထောက်ပံ့ငွေကျပ် သိန်း (၄၀) ထောက်ပံ့လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခင်အောင် က ထောက်ပံ့ငွေကျပ် သိန်း(၄၀) ပေးအပ်လှူဒါန်းရာ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာသူဇာချစ်တင် က လက်ခံရယူခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သွားရောက် အားဖြည့်ကြသည့် သူနာပြုဝန်ထမ်းများအတွက် ကမ္ဘောဇဘဏ်လီမိတက်၏ လှူဒါန်းမှုများမှာ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ သူနာပြုဝန်ထမ်း ၇၀ ဦးအတွက် အလှူငွေကျပ် သိန်း(၁၅၀) နှင့် ယနေ့တွင် ဒုတိယအကြိမ်အဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ သူနာပြုဝန်ထမ်း ၂၀ ဦးအတွက် အလှူငွေကျပ် သိန်း(၄၀) ကို ထပ်မံလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


