နေပြည်တော်  ၉  အောက်တိုဘာ 

မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများနှင့် သတင်းများ၊ ရုပ်ရှင်အနုပညာရှင်များ၏ ပြောစကားများ၊ မှတ်တမ်းဗီဒီယိုများ၊ ဆောင်းပါးများ၊ ဓာတ်ပုံများ၊ တေးသီချင်းများကို ပြည်သူများ လေ့လာကြည့်ရှု နားင်နိုင်စေရန် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် လူမှုကွန်ရက်စာမျက်နှာကို Facebook တွင် စာမျက်နှာအမည် "Myanmar Film 100th Anniversary" နှင့် Page URL: facebook.com/myanmarfilm100anniversary တွင် ဖွင့်လှစ်ထားရှိပါသည်။

ထို့ပြင် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် Website ကိုလည်း myanmarfilm100anniversary.com.mm ဒိုမိန်းလိပ်စာဖြင့် ဖွင့်လှစ်ထားရှိပြီး မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုစကားများ၊ အခမ်းအနားကျင်းပမည့် အစီအစဉ်များ၊ မှတ်တမ်းဗီဒီယိုများ၊ ဓာတ်ပုံများ၊ ဆောင်းပါးများဖြင့် ဖော်ပြထားရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်