နေပြည်တော် ၉ အောက်တိုဘာ
၂၀၂၀ပြည့်နှစ် အောက်တိုဘာ (၁၃)ရက်တွင်ကျရောက်မည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြည်လမ်း ရန်ကုန်မြို့ရှိ စတူဒီယို (၁)တွင် Virtual စနစ် ဖြင့်ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါအခမ်းအနားကျင်းပပုံများကိုအောက်တိုဘာ (၁၃)ရက် ညနေ(၅) နာရီမှ စတင်၍ မြန်မာ့ရုပ်မြင်သံကြားနှင့်မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့် ပြသသွားမည် ဖြစ်ပြီး MRTV Facebook Page နှင့် MRTV Live တို့တွင်လည်း Live Streaming ထုတ်လွှင့်သွားမည်ဖြစ်သည်။
MOI Webportal Myanmar Facebook Page နှင့် Myanmar Digital News Facebook Page တို့မှလည်းထုတ်လွှင့်ပြသသွားမည်ဖြစ်ပါကြောင်း သိရသည်။
(သတင်းစဉ်)


