အခုချိန်မှာ ကျန်းမာအောင်နေပါ။ အကယ်၍ ရောဂါပိုးဝင်နေပြီဆိုရင် ရောဂါပိုးကို ကျော်လွှားနိုင်ဖို့အတွက် ကိုယ့်စိတ်ကိုကိုယ် မှန်မှန်ထားပါ။ ကျွန်မတို့အားလုံး နိုင်ငံတော် အစိုးရကရော၊ ပြည်သူပြည်သားတွေကရော ကိုယ့်ဘက်မှာရှိနေတယ်ဆိုတာကို ယုံကြည်ပါ။

နောင်လာမယ့် စီးပွားရေးအခက်အခဲတွေအတွက် ကျွန်မတို့နိုင်ငံတော်ကနေပြီးတော့ ပြင်ဆင်ထားတာရှိပါတယ်။ ပြင်ဆင်ထားပြီးသားပါ။ ဆက်ပြီးတော့လည်း လုပ်သွားမှာပါ။ အရင်တုန်းက ပြင်ဆင်ထားပြီးပြီဆိုတော့ ထိုင်ပြီးကြည့်နေမှာမဟုတ်ပါဘူး။ အခြေအနေပြောင်းလဲတာနဲ့အမျှ ကျွန်မတို့ ဘယ်လိုပြောင်းလဲသင့်တယ်၊ ဘယ်လို ခြေလှမ်းတွေလှမ်းနိုင်မယ်ဆိုတာကို ကြည့်ပြီးတော့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။

(Coronavirus Disease 2019 (CovID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှကောက်နုတ်ချက်)