နေပြည်တော် ၁၀ အောက်တိုဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
အောက်တိုဘာ ၁၀ ရက် (စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် နံရံတွင်ချိတ်ဆွဲထားသော နာရီလေးသည် မည်သည့်အချိန်တွင် အိပ်စက်အနားယူကြောင်းကို သိလိုသည့် စူးစမ်းတတ်သော ဖိုးကျော် အကြောင်းကို ရေးဖွဲ့ ထားသည့် “မအိပ်သောနာရီ” မျက်နှာဖုံးကာတွန်း၊ ကူးစက်မြန် ကိုရိုနာဗိုင်းရစ် (ကိုဗစ်-၁၉) ကူးစက်ခြင်းမခံရစေရန် လိုက်နာရမည့် အကြောင်းအရာအချက်အချို့ကို တင်ဆက်ထားသည့် “ကိုဗစ်-၁၉ အန္တရာယ်သတိရှိကြမယ်” သုတဆောင်းပါး၊ ကလေးတို့ဉာဏ်ရည် ဖွံ့ဖြိုးစေရန် တင်ဆက်ထားသည့် “ရွှေသွေးတို့ပျော်စရာ” ဉာဏ်စမ်းကဏ္ဍ၊ မိမိတွင် ငါးရိုးအစူးခံရရာမှ ငါးမျှားချိတ်ဖြင့် ငါးမျှားခဲ့သော မိမိ၏ အဖြစ်ကို နောင်တရမိသည့် “ပုပုပါဝင်သည့် ကိုယ်ချင်းစာ” နှစ်မျက်နှာကာတွန်း၊ ကလေးများ အနေဖြင့် ငယ်စဉ်အရွယ်မှစ၍ သူတစ်ပါးပစ္စည်းကို အချောင်လိုချင်သောစိတ်မဖြစ်စေရန် သတိပေးဆုံးမထားသည့် “ဖိုးခန့်နှင့်ကံစမ်းမဲများ” ကလေးဝတ္ထုကဏ္ဍအပါအဝင် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍ၊ ကလေးကာတွန်း၊ ဉာဏ်စမ်းကဏ္ဍ၊ ကဗျာ စုံလင်စွာဖြင့် ဖတ်စရာမှတ်စရာများ ပါရှိကြောင်း သိရသည်။
သတင်းစဉ်


