အော်စလို ၁၀ အောက်တိုဘာ

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ၂၀၂၀ ပြည့်နှစ် နိုဗယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြလိုက်သည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ပဋိပက္ခဖြစ်ပွားနေသော နေရာများတွင် ငြိမ်းချမ်းရေးအခြေအနေ တိုးတက်အောင် ဆောင်ရွက်ခဲ့သည့်အတွက် ယခုလို ငြိမ်းချမ်းရေး နိုဗယ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်သည် ဆာလောင်မှုကို တိုက်ဖျက်ရာတွင်လည်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။

ဆာလောင်မှုကိုလက်နက်တစ်ခုအနေဖြင့် စစ်ပွဲများနှင့်ပဋိပက္ခဖြစ်ပွားရာ နေရာများတွင် အသုံးပြုနေမှုကို ကာကွယ်ရန် ဆောင်ရွက်ခဲ့မှုတို့ကြောင့်ယခုလို နိုဗယ်ဆုချီးမြှင့်ခံခဲ့ရခြင်းဖြစ်ကြောင်း နိုဗယ်ဆုရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဘားရစ်ရစ်အန်ဒါဆန်က ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကို ၁၉၆၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့အချိန်အထိ တစ်နှစ်လျှင် လူပေါင်းသန်း ၉၀ ကျော်အား အစားအစာများ ဖြန့်ဖြူးနိုင်ခဲ့သည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် နာမည်ကြီးခဲ့သူများနှင့် အဖွဲ့အစည်းများမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဂရီတာသွန်းဘာ့ဂျ်၊ ဂျက်ဆင်ဒါအာဒန်နှင့် ဆူဒန် တော်လှန်ရေး ခေါင်းဆောင်များ ဖြစ်ကြသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့သည်မှာ (၁၀၁)ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်းနှင့် လူပုဂ္ဂိုလ် ၁၀၇ ဦးနှင့် အဖွဲ့အစည်းပေါင်း ၂၇ ဖွဲ့ကို ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အေအက်ဖ်ပီ