ကယ်လီဖိုးနီးယား ၁၀ အောက်တိုဘာ
အမေရိကန်ရွေးကောက်ပွဲ ဆန္ဒမဲပေးမှု နိုဝင်ဘာ ၃ ရက် ပြီးဆုံးသည်နှင့် ဖေ့စ်ဘွတ်သည် ရှုပ်ထွေးမှုနှင့် အလွဲသုံးမှု အသွားအလာများကို လျှော့ချရန် နိုင်ငံရေး သို့မဟုတ် လူမှုရေးဆိုင်ရာ ကြော်ငြာများကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၇ ရက်က ပြောကြားလိုက်သည်။
ဦးဆောင်လူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့စ်ဘွတ်က သင့်တော်သည့်ကာလထက်စောပြီး အနိုင်ရသူကို ကြေညာ ခြင်း သို့မဟုတ် မဲရေတွက်ယှဉ်ပြိုင်ခြင်းများကို ဖော်ပြသည့် မည်သည့်ပို့စ်ဖော်ပြချက်မဆို တိကျစိတ်ချရသော သတင်းဝက်ဘ်ဆိုက်များနှင့် ရွေးကောက်ပွဲကော်မရှင် အရာရှိများ နာမည်ဖော်ပြရမည်ဖြစ်ကြောင်း ပြောကြား လိုက်သည်။
ဖေ့စ်ဘွတ်နှင့် အခြားလူမှုကွန်ရက်စာမျက်နှာများသည် ရွေးကောက်ပွဲအပြီး ဖြစ်စဉ်များအတွက် စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်ထားကြောင်း သိရသည်။
ကယ်လီဖိုးနီးယားအခြေစိုက် လူမှုကွန်ရက်ကုမ္ပဏီ ဖြစ်သည့် ဖေ့စ်ဘွတ်သည် သတင်းမှား ဖြန့်ချိမှုနှင့် လူမှုရေး ကွဲပြဲမှုဖြစ်စေသည့် စိတ်ဆိုးဒေါသထွက်မှုများကို ရှောင်ရှားနိုင်ရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။ ဖေ့စ်ဘွတ်အနေဖြင့် ပြည်သူများကို မဲရုံသို့သွားရာတွင် လက်နက်များ ယူဆောင်သွားရမည်ဟူသော တိုက်တွန်းမှု များနှင့် လူများကိုမဲမပေးရန် တိုက်တွန်းမှုဆိုင်ရာ ပို့စ်များကိုလည်း ယခင်ကတည်းက တားဆီးဖယ်ရှား ထားကြောင်း သိရသည်။
အေအက်ဖ်ပီ