ခန္တီး ၁၀ အောက်တိုဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေကျပ် ၁၉၅ ဒသမ ၂၆၈ သန်းဖြင့် ခန္တီး-တိန်းအင်-လက်ပံသာ-မှန်ပင်-ကောင်းမှု-ဖောင်ဆိုင်- ပဒူးမုန်း ရွာသစ်ကျေးရွာချင်းဆက် မြေသားလမ်း (၄၀/ ၀)မိုင် အနက် (၁၀/ ၀)မိုင်  ဖောက်လုပ်ခဲ့ပြီး (၃၀/ ၀)မိုင် အနက် (၅/ ၀)မိုင် ဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပိုင်း (၅/ ၀)မိုင်ပေါ်တွင် ငွေကျပ် (၁၉ ဒသမ ၁၂၄) သန်းဖြင့် Box Culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော်ထံမှ သိရသည်။

 

ယင်းကျေးရွာချင်းဆက် လမ်းမဖောက်ခင် ဒေသခံပြည်သူများအနေဖြင့် ယခင်ရေကြောင်းခရီးကိုသာ အားကိုးအားထားပြုနေရပြီး ယခုအခါ ခန္တီး-တိန်းအင်-လက်ပံသာ-မှန်ပင်-ကောင်းမှု-ဖောင်ဆိုင်-ပဒူးမုန်း ရွာသစ် ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ပြီးစီးပါက နေ့စဉ်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလည်း ပိုမိုတိုးတက်ကောင်းမွန်လာမှုကြောင့် မြို့ပြနှင့် ကျေးလက်လူမှုဆက်ဆံရေး အားကောင်းလာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာတော့ မည်ဖြစ်ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)