မြောက်ဦး  အောက်တိုဘာ  ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသူ ၁၇ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ရသူ ၁၇ ဦးသည် မိမိနေအိမ်တွင် (၇)ရက် အသွားအလာကန့်သတ်ထားကာ သီးသန့်နေထိုင်ရ မည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ရန် အချက်များကို တိကျစွာလိုက်နာကြရန် သမားတော်နှင့် သူနာပြုဆရာမများက မှာကြားကာ ဆေးရုံဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။

၄င်းတို့အား မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၄၅ ဦးရှိရာ ရောဂါပျောက်ကင်းသူ ၁၇ ဦးအား ထပ်မံဆေးရုံဆင်းခွင့်ပြုခဲ့ရာ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၃၄ ဦးအထိရှိကာ ဆေးရုံတွင် ၁၁ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

(ခရိုင်  ပြန်/ဆက်)