နေပြည်တော် ၁၀ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပြည်လမ်း ရန်ကုန်မြို့ရှိ စတူဒီယို (၁)တွင် Virtual စနစ် ဖြင့် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားကျင်းပပုံများကို အောက်တိုဘာ ၁၃ ရက် ညနေ ၅ နာရီမှ စတင်၍ မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး MRTV Facebook Page နှင့် MRTV Live တို့တွင်လည်း Live Streaming ထုတ်လွှင့်သွားမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို အောက်တိုဘာ ၁၃ ရက် ည ၉ နာရီတွင် မြန်မာ့ရုပ်ရှင်ရာပြည့် ဂုဏ်ပြုအခြား အစီအစဉ်များနှင့်အတူ ထပ်မံထုတ်လွှင်ပေးသွားမည်ဖြစ်သည်။
MOI Webportal Myanmar Facebook Page နှင့် Myanmar Digital News Facebook Page တို့မှလည်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


