၁၀ အောက်တိုဘာ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အသေခံဗုံးခွဲမယ့် အင်ဒိုနီးရှားအမျိုးသမီးကို ဒီနေ့ (စနေနေ့) မှာ ဖမ်းဆီလိုက်နိုင်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။
နိုင်ငံ့တောင်ပိုင်းက ဂျိုလိုကျွန်းမှာရှိတဲ့ မူစလင်အများစုနေရာထိုင်ရာ ဆူလူပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်လကျော်က အသေခံဗုံးခွဲတိုက်ခိုက်သူ အမျိုးသမီးနှစ်ဦးကြောင့် သေဆုံး ၁၅ ဦးနဲ့ ဒဏ်ရာရရှိသူ ၇၄ ဦးရှိကြောင်း သိရပါတယ်။ အဲဒီဖြစ်စဉ်နောက်ပိုင်း အင်ဒိုနီးရှားအမျိုးသမီး ရီကီ ဖန်တပ်ရာ ရူလီ လို့ အမည်ရှိတဲ့ အသေခံဗုံးခွဲ့မယ့် အမျိုးသမီးကို ဒီကနေ့ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
အသေခံဗုံးခွဲ့မယ့် အမျိုးသမီးရူလီရဲ့အမျိုးသားဟာ အင်ဒိုနီးရှားယား စစ်သွေးကြွဖြစ်ပါတယ်။ ရူလီရဲ့ အမျိုသားဟာ ပြီးခဲ့တဲ့ ဩဂုတ်လက ဆူလူပြည်နယ်တွင်းက စစ်သွေးကြွတွေကို နိမ်နင်းရေးမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အသေခံဗုံးခွဲမယ့် အမျိုးသမီးဟာ ၂၀၂၀ ခုနှစ်အစောပိုင်းက ဂျိုလိုရှိ ခရစ်ယာန်ဘုရားကျောင်းမှာ အသေခံဖောက်ခဲ့တဲ့ သူတွေကနေ မွေးဖွားခဲ့သူလို့ ယုံကြည်ရကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၁၈ ခုနှစ် ဂျူလိုင်လကစပြီး ဖိလစ်ပိုင်နိုင်ငံမှာ အသေခံဗုံးခွဲမှု အနည်းဆုံး ၅ ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP