၁၀ အောက်တိုဘာ
စပိန်အစိုးရက ဗိုင်းရပ်စ်ပိုး ကူးစက်မှုများနေတဲ့ မက်ဒရစ်မြို့ကို ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အသွားအလာကန့်သတ်မှု (partial lockdown) ပြဋ္ဌာန်းလိုက်ကြောင်း သောကြာနေ့က ကြေညာလိုက်ပါတယ်။
ဉရောပတခွင်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ များလာတဲ့အတွက် ကန့်သတ်မှုတွေ၊ ထိန်းချုပ်တားမြစ်တဲ့ စည်းမျဉ်းတွေ တိုးမြှင့်ပြဋ္ဌာန်းလာရတာကလည်း ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်မှုခက်ခဲတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။
မက်ဒရစ်မြို့ခံတွေကို အလုပ်သွားရန်၊ ကျောင်းသွားရန်နဲ့ ကျန်းမာရေးဆိုင်ရာ ကုသမှုခံယူရန်ကလွဲပြီး အိမ်အပြင်မထွက်ရန် စပိန် ဗဟိုအစိုးရက တားမြစ်ခဲ့ရာ ဒေသဆိုင်ရာအစိုးရက ဆန့်ကျင်ခဲ့ပေမယ့် ဗဟိုအစိုးရက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီးက မက်ဒရစ်မြို့ခံတွေရဲ့ ကျန်းမာရေးဟာ အဓိကကျတယ်လို့ ပြောဆိုပါတယ်။
အခုကြေညာချက်အတွင်းမှာ မက်ဒရစ်မြို့တွင် နေထိုင်သူ ၄.၅ သန်း အကျုံးဝင်မယ်လို့ သိရပါတယ်။
၂၄ နာရီအတွင်း ဗိုင်းရပ်ပိုးတွေ့ရှိသူ ၅,၉၈၆ ဦး နဲ့ သေဆုံးသူ ၂၄၁ ဦးရှိကြောင်း သောကြာနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၈၉၀,၃၆၇ ဦးထဲရှိပြီး သေဆုံးသူ ၃၂,၉၂၉ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP