မန္တလေး  ၁၁  အောက်တိုဘာ

နိုင်ငံတော်မှဝယ်ယူထားသော အရန်ဆန်များအား မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြီးကြပ်၍ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများ ဆောင်ရွက်နေစဉ် ကာလဆန်ဈေးနှုန်းများ မြင့်တက်မှု မရှိစေရေးနှင့် ဆန်ဈေးတည်ငြိမ်စေရေးအတွက် မန္တလေးမြို့များတွင် (၃၆)နေရာတွင် လက်လီဆိုင်များ ဖွင့်လှစ်၍ ဆန်တစ်ပြည် ကျပ် ၁၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ဆန်(၂၄)ပြည် တစ်အိတ် ကျပ်(၂၄၀၀၀)ဖြင့် ဧည့်မထ အုပ်စုဝင် ဆန်များအား ရောင်းချပေးလျက်ရှိသည်။

 

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (မန္တလေးတိုင်းဒေသကြီး) ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကာလ Stay at Home မြို့နယ်ဖြစ်သော ချမ်းအေးသာစံမြို့နယ်မှ ဒေသခံပြည်သူများ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် မော်တော်ယာဉ်ဖြင့် ချမ်းအေးသာစံမြို့ နယ်အတွင်း သင်္ဂဇာချောင်းပတ်လမ်း၊ သီရိဟေမာအနောက် ရပ်ကွက်၊ ပြည်ကြီး ပျော်ဘွယ်ရပ်ကွက်၊ အောင်နန်းအနောက် ရပ်ကွက်များသို့ သွားရောက်၍ ဆန်တစ်ပြည်(၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချ ပေးခဲ့ပြီး ကြက်သွန်နီ၊ အာလူး၊ ချင်းနှင့် စားသောက်ကုန်များကိုလည်း တွဲဖက်၍ ဈေးနှုန်းချိုသာစွာ ရောင်းချ ပေးခဲ့သည်။     

မောင်ပြည်သူ(မန္တလေး)