၁၁ အောက်တိုဘာ
အမေရိကန်သမ္မတရွေးကောက်ပွဲဝင် သမ္မတလောင်းတွေ ရဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို ဖျက်သိမ်းကြောင်း စကားစစ်ထိုးပွဲစီစဉ်ရေးကော်မရှင်က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
ကြေညာချက်မှာ သမ္မတလောင်း နှစ်ဦးစလုံးက စကားစစ်ထိုးပွဲနေ့ကို ရွှေ့ပြောင်းပေးဖို့ ပြောကြားတဲ့အတွက် အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို ဖျက်သိမ်းတာလို့ ပါရှိပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင် တတိယအကြိမ် စကားစစ်ထိုးပွဲကိုတော့ အောက်တိုဘာ ၂၂ ရက်နေ့မှာ တက်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မှာ ကျင်းပမယ်လို့ သိရပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမတိုင်ခင် သမ္မတလောင်းတွေဟာ မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲ သုံးကြိမ် မှာပါဝင်ရလေ့ ရှိပါတယ်။
သမ္မတထရမ့်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့အတွက် အောက်တိုဘာ ၁၅ ရက်နေ့ မှာ ကျင်းပမယ့် ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို မျက်နှာချင်းဆိုင်အစား ဗီဒီယိုကနေ သာ စကားစစ်ထိုးရန် အကြံပြုချက်ကို ထရမ့်က ပယ်ချခဲ့ပါတယ်။
ပြိုင်ဘက်သမ္မတလောင်း ဂျိုးဘိုင်ဒန်ကလည်း သမ္မတ ထရမ့်မှာ ဗိုင်းရပ်စ်ပိုး ဆက်ရှိနေသေးမယ်ဆိုရင် မျက်နှာချင်ဆိုင် အစား ဗီဒီယိုကနေသာ စကားစစ်ထိုးချင်ကြောင်း အကြံပြုထားပါတယ်။
MDN
ကိုးကား- AFP