မိုးကောင်း ၁၁ အောက်တိုဘာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နောင်ကိုင်တော်ရပ်ကွက်နေ အသက်(၃၀)နှစ် ဝန်းကျင်ရှိအမျိုးသားတစ်ဦး အောက်တိုဘာ ၁၀ ရက်နံနက် ၁၁ နာရီခန့်က နန့်ရင်းချောင်းအတွင်း ရေနစ်ပျောက်ဆုံးခဲ့သဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် လွဲလောကျေးရွာနှင့် ထိုပူးကျေးရွာအကြား ဒေသအခေါ်မုတ်နောင် ရွာဟောင်းအနီးနန့်ရင်းချောင်း၌ နွားဆွဲလာပြီးချောင်းသို့ဖြတ်စဉ် ရေနစ်ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးချမ်းငြိမ်းသူ ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရွာသားများဝိုင်းဝန်းရှာဖွေနေပြီး ညနေပိုင်း အထိမတွေ့ရှိသေးဘဲ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)