၁၁ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်က ဒုတိယအကြိမ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ထွက်ရှိသော ပေါ်ဆန်းမွှေး (ကြားပျံ) ၂၄ ပြည်ဝင်အိတ် ၄၂၅ အိတ်၊ မြတ်သုတ ဆန်အိတ် ၄၀၊ စုစုပေါင်း ဆန် ၄၆၅ အိတ်ကို တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ကျွန်းစုမြို့နယ်များသို့ ဒေသပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် သမဝါယမ အသင်းလမ်းကြောင်းမှတစ်ဆင့် အသင်းသားများသို့ ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ၊ ညင်းမော်ငွေစုငွေချေး သမဝါယမ အသင်းသားများသို့ ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အသင်းသား ၁၄၆ ဦး၏ စုဆောင်းငွေပေါ် အတိုးငွေကျပ် ၃,၂၉၆,၇၀၀ ကို အောက်တိုဘာ ၈ ရက်က ထုတ်ပေးခဲ့ကြောင်း သိရသည်။
သမဝါယမဦးစီးဌာန


