နေပြည်တော်  ၁၁  အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ဖိုးခမှီဒေါင့်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ရောက်ရှိလာ၍ Quarantine ဝင်ရောက်နေသူ ကောင်းမြတ်စိုးနှင့် မသီရိစံတို့သည် စက်တင်ဘာ ၂၉ ရက်နေ့ ည ၁၁ နာရီက စောင့်ကြည့်ရေးစခန်းမှ ခိုးထွက်၍ မော်လမြိုင်ကျွန်းမြို့နယ် ကျူချောင်းကျေးရွာနေ ကောင်းမြတ်စိုး ၏ဇနီး မကေသွယ်မိုးထံ သွားရောက်ခဲ့သဖြင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ ကောင်းမြတ်စိုးနှင့် မသီရိစံအား ငှက်ပျောချောင်း နယ်မြေရဲစခန်း(ပ)၄၈/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀(က) ဖြင့် အမှုဖွင့်် အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)