နေပြည်တော် ၁၁ အောက်တိုဘာ
အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီမှ အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီအထိ ယာဉ်စည်းကမ်းစစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ရန်ကုန်-မန္တလေးအမြန်လမ်း ဖြူးတိုးဂိတ်၌ သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ကိုးစီး၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ငါးစီး၊ စုစုပေါင်း ၁၄ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
(ရဲပြန်ကြား)