အော်စလို ၁၁ အောက်တိုဘာ

 

နော်ဝေနိုင်ငံ၌ ရောက်ရှိနေကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များအလိုက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ယနေ့ နံနက် ၀၉:၃၀ နာရီမှ ညနေ ၁၆:၃၀ နာရီအထိ မြန်မာသံရုံး၊ အော်စလိုမြို့၌ မဲရုံကို စတင်ဖွင့်လှစ်ပေးခဲ့ပါသည်။

 

ထို့အပြင် နော်ဝေနိုင်ငံအတွင်း နေထိုင်လျက်ရှိကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ လာရောက်ပေးနိုင်ရန် မဲရုံကို အောက်တိုဘာ ၁၁ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၀၉:၃၀ နာရီမှ ညနေ ၁၆:၃၀ နာရီအထိ ဆက်လက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ 

 

အော်စလိုမြို့၊ မြန်မာသံရုံးတွင် ဖွင့်လှစ်သည့်မဲရုံသို့ ကြိုတင်ဆန္ဒမဲပေးရန် လာရောက်သည့် မဲဆန္ဒရှင် မြန်မာနိုင်ငံသားများသည် စည်းကမ်းတကျ ကြိုတင်ဆန္ဒမဲပေးခဲ့ကြပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး အစီအမံများကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်ခဲ့သည်။ 

 

ယနေ့ မြန်မာသံရုံး၌ ကြိုတင်ဆန္ဒမဲပေးခြင်း အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးရန် လာရောက်ကြသူ မဲဆန္ဒရှင်များ၏ ပူးပေါင်းပါဝင်ကူညီခဲ့မှုများအား ကျေးဇူးတင်ရှိပါကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာနှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 

Credit> Ministry of Foreign Affairs Myanmar