ကာမိုင်း ၁၁ အောက်တိုဘာ
ယနေ့ မြန်မာစံတော်ချိန် ၁၈ နာရီ၊ ၁၄ မိနစ်၊ ၅၇ စက္ကန့်တွင် မြစ်ကြီးနား မြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၄၈)မိုင်ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း (ကာမိုင်းမြို့၏တောင်ဘက် (၁၄)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၃၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၄)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN


