မိုးနဲ ၁၂ အောက်တိုဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အဓိကစီးပွား‌ရေးအဖြစ် တောင်သူ လုပ်ငန်းလုပ်ကိုင်ကာ တစ်ပိုင်တစ်နိုင် ပဲပုပ်ထုတ်လုပ်ရောင်းချ၍ အပို‌ဝင်ငွေရရှိပြီး မိသားစု အဆင်ပြေလျက်ရှိကြောင်း ပဲပုပ်ထုတ်လုပ်ရောင်းချသူ ဥယျာဉ်ရပ်ကွက်နေ ဒေါ်ပါနိထံမှ သိရသည်။

 

ပဲပုပ်ပြုလုပ်ရာမှာ ပထမအနေနဲ့ ပဲပုပ်စေ့ကို ရေဆေးခြင်း၊ ပြုတ်ခြင်းပြုပ်၍ နှစ်ရက်ကြာထားရှိ ရကြောင်း၊ ဒုတိယအနေနဲ့ နှစ်ရက်ကြာထားရှိတဲ့ ပဲပုတ်ကိုကြိတ်ကာ လိုအပ်တဲ့ အရွယ်အစား အတိုင်း အပြားပုံပြုလုပ်ရပါတယ်၊ နောက်ဆုံးအနေနဲ့ အပြားပြုလုပ်ပြီး ပဲပုပ်များကို နေလှမ်းအခြောက်ခံပြီး ဈေးကွက်သို့တင်ပို့ ရောင်းချရကြောင်း၊ ပဲပုပ်စေ့ကုန်ကြမ်း တစ်တင်းကို ငွေကျပ် ၁၅၀၀၀ ခန့် ပေးဝယ်ရပြီး ပဲပုပ်တစ်တင်းမှာ ကုန်ချော ပဲပုပ် ၇ ပိဿာထွက်ရှိကာ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ခန့် ရရှိကြောင်း၊ ပဲပုပ်ကို ရိုရိုးပဲပုပ်နှင့် ချင်းပဲပုပ် နှစ်မျိုးပြုလုပ် ရောင်းချလျက်ရှိကြောင်း၊ ချင်းပဲပုပ်ကိုတော့ ကျပ် ၅၀၀၀ ရောင်းချရကြောင်း၊ ပဲပုပ်ကုန်ချောကိုတော့ မြို့တွင်းနှင့် အနီးတစ်ဝိုက်ရှိမြို့များ၊ နမ့်စန်မြို့နှင့်အခြားမြို့နယ်များမှ အော်တာမှာယူမှုများကိုလည်း လက်ခံဆောင်ရွက်ပေးပါကြောင်း တစ်ရက်လျှင် အမြတ်‌ငွေကျပ် ၁၃၀၀၀ ကျော်ရရှိပြီး လစဉ်ပျမ်းမျှ ကျပ်လေးသိန်းနီးပါး အပိုဝင်ငွေရရှိတဲ့အတွက် အဆင်ပြေလျက်ရှိကြောင်း ပဲပုပ်တစ်ပိုင်တစ်နိုင် ထုတ်လုပ်‌ရောင်းချသူ ဒေါ်ပါနိက ပြောကြားခဲ့သည်။

မျိုးညွန့်ရွှေ (မိုးနဲ)