နောင်ချို   ၁၂  အောက်တိုဘာ

 

ကျောက်မဲခရိုင်၊ နောင်ချိုမြို့ စုံနံ့သာပရဟိတအဖွဲ့မှ အခြေခံလူတန်းစားအိမ်ထောင်စု ၇၈ စုအား ဆန် ခြောက်ပြည်နှင့် ဆီတစ်ပိဿာနှုန်းဖြင့် နောင်ချိုမြို့မစျေးတောင်ဖက်၌ ယမန်နေ့၌ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးရာတွင် စုံနံ့သာပရဟိတအဖွဲ့၏ (၁၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စုံနံ့သာပရဟိတ အဖွဲ့များ စုပေါင်းကာ ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ထောက်ပံ့ပေးခဲ့ပြီး အိမ်ထောင်စု(၇၈)စု အတွက် လှူဒါန်းမှုတန်ဖိုး ငွေကျပ် (၈၂၆၅၀၀) ဖြစ်ကြောင်း သိရသည်။

 

ထွေးငယ်(နောင်ချို ပြန်/ဆက်)