မန္တလေး  ၁၂   အောက်တိုဘာ

 

(၂၀၂၀)ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအဖြစ် တာ၀န်ထမ်းဆောင်ရန် မန္တလေးတိုင်းဒေသကြီးအတွင်း ဆရာ၊ ဆရာမအင်အားပေါင်း တစ်သောင်းကျော် လျာထားခန့်အပ် တာ၀န်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးထံမှ သိရသည်။ မဲရုံမှူး၊ ဒုမဲရုံမှူးများကို ရွေးချယ်ခန့်ထားရာတွင်လည်း ကျန်းမာရေးအထူးကောင်းမွန်သူနှင့် မိမိဆန္ဒအလျောက် အမှန်တကယ်လုပ်ကိုင်လိုသူများကို စိစစ်ရွေးချယ်ထားကာ လိုက်နာရမည့်စည်းမျဉ်း အချက်အလက်များ အကြောင်း သင်တန်းပို့ချမှုကို ခရိုင်၊ မြို့နယ်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ မကြာမီကာလအတွင်း ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် မဲလက်မှတ်ထုတ်ပေးသူ၊ မဲစာရင်းရေတွက်သူများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ညှိနှိုင်းကာ အင်အားထပ်တိုး ချထားပေးသွားရန်လည်း စီစဉ်နေပြီး အဓိကဦးစားပေးအနေဖြင့် COVID-19  ရောဂါကာကွယ်ရေး အချက်များအတိုင်း လုပ်ကိုင်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

 

#MRTV