၁၂ အောက်တိုဘာ

 

အဇာဘိုင်ဂျန်နှင့် အာမေးနီးယား နိုင်ငံတို့နေဖြင့် ရုရှားကြားဝင်စေ့စပ်ပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လေးစားလိုက်နာကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ရော့ဗ်က မေတ္တာရပ်ခံခဲ့သည်။

 

အောက်တိုဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပြီးနောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။

 

လက်ရော့ဗ်သည် အဇာဘိုင်ဂျန်နှင့်အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးများနှင့် အောက်တိုဘာ ၁၀ ရက်နေ့က ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်။

 

တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့်လည်း အောက်တိုဘာ ၁၁ ရက်နေ့က ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပြီး တူရကီနိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားရန် ပူးပေါင်းဆောက်ရွက်ရန် လိုလားသည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

 

တူရကီနိုင်ငံသည် အဇာဘိုင်ဂျန်နိုင်ငံကို ထောက်ပံ့ကူညီပေးလျက်ရှိသည်။

 

အဇာဘိုင်ဂျန်နှင့်အာမေးနီးယားနိုင်ငံတို့က အပစ်အခတ်ရပ်စဲရေးကိုချိုးဖောက်ကာ တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု တစ်နိုင်ငံနှင့်တစ်နိုင်ငံစွပ်စွဲပြောဆိုကြသည်။

 

အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီး က ၎င်းတပ်ဖွဲ့သည် အာမေးနီးယားစစ်တပ်ကို ရင်ဆိုင်ရန် လေကြောင်းတိုက်ခိုက်မှုများဖြင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

 

ရုရှားနိုင်ငံသည် အပစ်အခတ်ရပ်စဲရေး အခြေအနေတည်ငြိမ်ရန် ကြိုးစားလုပ်ဆောင်နေဖွယ် ရှိသည်။

 

အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့သည် နာဂေါ်နိုနှင့် ကရာဘတ်ရှ်ဒေသနှင့် ပတ်သက်ပြီး ဆယ်စုနှစ်များစွာကြာ အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။

 

ထိုဒေသသည် အဇာဘိုင်ဂျန်နိုင်ငံတွင်ရှိသော်လည်း  အများအားဖြင့် အာမေးနီးယားမျိုးနွယ်စုများ နေထိုင်ကြသည်။

 

စက်တင်ဘာ ၂၇ ရက်နေ့က အဇာဘိုင်ဂျန်နှင့်အာမေးနီးယားတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို