မောင်တော ၁၂ အောက်တိုဘာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများအေးချမ်းစွာ နေထိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ အရ အောက်တိုဘာ ၁၁ ရက်နေ့တွင် အမိန့်အမှတ် (၅/၂၀၂၀)ဖြင့် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီ အချိန်ထိ ညမထွက်ရ အမိန့်ကို ထပ်မံထုတ်ပြန်ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၁၁ ရက်နေ့ ညနေပိုင်းက မြို့တစ်ပတ် လှည့်လည်ကာ လိုက်လံ၍ နှိုးဆော်ခဲ့ကြသည်။
ယခုအချိန်တွင် တရားဥပဒေစိုးမိုးမှု ရရှိစေရေးအတွက် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့များမှ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည့်အတွက် (ပုဒ်မ-၁၄၄) အမိန့် ထုတ်ပြန်ခြင်းအား ဆက်လက် ထုတ်ပြန်ရန် လိုအပ်ကြောင့် သုံးသပ်ရရှိသဖြင့် မောင်တောမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့ သွားလာလမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့် သက်ဆိုင်သော ဘာသာရေး အဆောက်အအုံ၊ ကျောင်းနေရာများတွင် (၅)ဦး (သို့မဟုတ်) (၅) ဦး တက်ပိုသောသူများ စုဝေးခြင်း မပြုလုပ်ရေးအတွက် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအချိန်ထိ ကာလအတွင်း ညမထွက်ရအမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ (ပုဒ်မ-၁၄၄)အရ ထပ်မံ ထုတ်ပြန်လိုက်ပြီး ဤအမိန့်အား နောက်(၂)လ ပြည့်မြောက်သည်အထိ အတည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ ထံမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


