ကျိုင်းတုံ ၁၂ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်း မရှိသူများအား ဒဏ်ငွေ ၂၀၀ ကျပ် ဒဏ်ရိုက်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးနှိုဆော်ခြင်းကို အောက်တိုဘာ ၁၁ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း ဒေသခံပြည်သူများအနေဖြင့် နေအိမ်အပြင်ထွက်ခွာသည့် အခါတိုင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားကြရန်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်းမရှိသူများအား အောက်တိုဘာ ၁၂ ရက်မှစတင်၍ ဒဏ်ငွေ ၂၀၀ ကျပ် ဒဏ်ရိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်းကို ကျိုင်းတုံမြို့ လူစည်ကားသည့် နေရာများတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက အသံချဲ့စက်၊ Loud Speaker များဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


