တောင်ကြီး  ၁၂  အောက်တိုဘာ

ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ ညနေ ၄ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံး၊ ခရိုင်/မြို့နယ် စာရင်းစစ်ရုံးများမှ အလှူငွေကျပ် (၁၀)သိန်းကို ရှမ်းပြည်နယ် စာရင်းစစ်ချုပ် ဒေါ်နန်းဝိုးဟိန်း က လည်းကောင်း၊ Kyaukse Silk Co.,Ltd ၊ Myanmar Silk Co.,Ltd  တို့မှ Medical Masks (၄၈၀၀၀) ခု၊ Face Shield (၃၀၀၀) ခု၊ Hand Gel (၈)ဖာ (၃၂၀)ဘူးတို့ကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)