မော်လမြိုင်   ၁၂   အောက်တိုဘာ   

မော်လမြိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်း စစ်ဆေးခြင်းများကို ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂွေးကုန်းကျေးရွာအုပ်စု၊ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားမှုအပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ကန့်ကွက်စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်စာရင်းကပ်ထားမှု အခြေအနေ၊ မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာရာ၌ လာရောက်ကြည့်ရှုမှုအခြေအနေနှင့် စပ်လျဉ်း၍ Online မှတစ်ဆင့် ကြည့်ရှုနိုင်ရေး၊ မြို့နယ်အတွင်း Stay At Home ကာလဖြစ်သဖြင့် မဲရုံတာဝန်ကျသူများမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ရေး၊ မဲပေးရန်လွယ်ကူစေရေး အတွက် မဲစာရင်းအမှတ်စဉ်များ မှတ်သားထားရှိရေး စသည့်များကို ရပ်ကွက်၊ ကျေးရွာရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ကူညီဆောင်ရွက်ပေးရန်ရှိသည့် အချက်များအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၃၈၀၀ဝ ကျော်ရှိပြီး မြို့နယ်အတွင်းရှိ မဲရုံ (၁၁၉)ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)