နေပြည်တော်  ၁၂  အောက်တိုဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီခွဲက နောင်ချိုမြို့နယ်၊ ခြေမြစ်ပင်ကျေးရွာအနီး၊ မူဆယ်- မန္တလေး သွားကားလမ်းတွင် စိုင်းမိုးလွင်မောင်းနှင်ပြီး ကျော်လင်းအောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် မျိုးမင်းအောင်(ခ) အီစ္စမာန် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်တို့ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မျိုးမင်းအောင်(ခ) အီစ္စမာန်သည် မော်တော်ဆိုင်ကယ်အား နောက်ပြန်လှည့်၍ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ လွန်းကျော်ကျေးရွာ အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ နှင့် မြန်မာငွေကျပ် ၂၅,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)