ကျောက်မဲ ၁၂ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ ၁၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Antigen Test ဖြင့် ယနေ့ မွန်းလွဲ ၃ နာရီက ကျောက်မဲမြို့မ ရဲစခန်း၌ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ လျာထားမဲရုံ ၁၁၁ ရုံအတွက် အထူးရဲ ၁၁၁ ဦးရှိသော်လည်း ပုံဝိုးနယ်မြေ ရဲစခန်းရှိ အထူးရဲ ၁၁ ဦးမှာ လာရောက်စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ယနေ့ စစ်ဆေးခဲ့သည့် မဲရုံလုံခြုံရေးအထူးရဲ ၁၀၀ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမရှိ Negative ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


