နေပြည်တော် ၁၂ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် ချက်သမ္မတနိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသား များသည် ပရာ့ဂ်မြို့ရှိ မြန်မာသံရုံးတွင် ကြိုတင်ဆန္ဒမဲစတင်ပေးခဲ့ကြရာ မဲဆန္ဒရှင်(၃၀)နှင့် ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ မြန်မာသံရုံးသို့ လာရောက်ကြိုတင်ဆန္ဒမဲပေးနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသားများအတွက် ပြင်ပမဲရုံခွဲဖွင့်လှစ်ခဲ့သည့် Victoria ပြည်နယ် မဲလ်ဘုန်းမြို့တွင် မဲဆန္ဒရှင်(၁၅၈)ဦး လာရောက် ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြန်မာသံရုံး (၁၀)ရုံး၊ အဖွဲ့ရုံး (၁)ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး (၂)ရုံးတို့၌ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေး ခဲ့ကြရာ မြန်မာသံရုံး ဗန်ကောက်မြို့၌ မဲဆန္ဒရှင် (၁၈၉၀) ခန့်၊ မြန်မာသံရုံး ကင်ဘာရာမြို့၌ မဲဆန္ဒရှင် (၂၇)ဦး၊ မြန်မာသံရုံး ကူဝိတ်မြို့၌ မဲဆန္ဒရှင် (၉)ဦး၊ မြန်မာသံရုံး ဆိုးလ်မြို့၌ မဲဆန္ဒရှင် (၁၂၀)၊ မြန်မာသံရုံး စင်ကာပူမြို့၌ မဲဆန္ဒရှင် (၁၆၃၈)ဦး၊ မြန်မာသံရုံး တိုကျိုမြို့၌ မဲဆန္ဒရှင် (၅၉)ဦး၊ မြန်မာသံရုံး ကွာလာ လမ်ပူမြို့၌ မဲဆန္ဒရှင် (၁၆၁)ဦး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကူမင်းမြို့၌ မဲဆန္ဒရှင် (၁)ဦး ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြကြောင်းနှင့် ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ မြန်မာသံရုံး ဘာလင်မြို့၊ မြန်မာသံရုံး လန်ဒန်မြို့၊ မြန်မာသံရုံး အော်တာဝါမြို့၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ် မြို့တို့တွင်လည်း ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးလျက်ရှိကြောင်း သိရသည်။
ယမန်နေ့တွင် ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ ကြိုတင်ဆန္ဒမဲများပေးခဲ့ကြသည့် မြန်မာသံရုံးများမှ သတင်းပေးပို့ချက်အရ မြန်မာသံရုံး ဘရပ်ဆဲလ်မြို့တွင် မဲဆန္ဒရှင် (၄၃)ဦး၊ မြန်မာသံရုံး ဘာလင်မြို့တွင် မဲဆန္ဒရှင် (၂၈)ဦး၊ မြန်မာသံရုံး လန်ဒန်မြို့တွင် မဲဆန္ဒရှင် (၂၂၇)ဦး၊ မြန်မာသံရုံး အော်တာဝါမြို့တွင် မဲဆန္ဒရှင် (၂၂)ဦး၊ မြန်မာ သံရုံး ဗီယင်နာမြို့တွင် မဲဆန္ဒရှင် (၄)ဦး၊ မြန်မာသံရုံး ဝါရှင်တန်မြို့တွင် မဲဆန္ဒရှင် (၅၇)ဦး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး နယူးယောက်မြို့တွင် မဲဆန္ဒရှင် (၁၅၅)ဦး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး လော့စ်အိန် ဂျယ်လိစ်မြို့တွင် မဲဆန္ဒရှင် (၁၂၃)ဦး၊ မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်များသို့ လာရောက်၍ ကြိုတင် ဆန္ဒမဲပေးနိုင်ခြင်း မရှိသည့် မြန်မာနိုင်ငံသားများအတွက် ပြင်ပမဲရုံခွဲဖွင့်လှစ်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့တွင် မဲဆန္ဒရှင်(၇၉)ဦးနှင့် မြန်မာသံရုံး မော်စကိုမြို့၌ ဆက်လက်မဲပေးသူ (၃၅)ဦး၊ စုစုပေါင်း (၇၇၃)ဦး ဆန္ဒမဲများ ပေးခဲ့ကြသည်။
မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများအား သက်ဆိုင်ရာ ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးနှင့် စပ်လျဉ်း၍ ချမှတ်ထားသော စည်းကမ်းများနှင့်အညီဖြစ်စေရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျ လက်သန့်စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပိုးပေးခြင်း တို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း မြန်မာသံရုံးများမှ စီစဉ်ဆောင်ရွက်ထားရှိသည့် အတိုင်း လိုက်နာကာ စနစ်တကျ ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။
ယနေ့တွင် မြန်မာသံရုံး (၁၁)ရုံး၊ အဖွဲ့ရုံး (၁)ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး (၂)ရုံး၊ ပြင်ပမဲရုံခွဲ (၁)ခုတို့တွင် ကြိုတင် ဆန္ဒမဲများ လာရောက်ပေးခဲ့ကြရာ မဲဆန္ဒရှင် စုစုပေါင်း (၄၀၉၃)ဦးနှင့် ယမန်နေ့က ဒေသဆိုင်ရာ စံတော်ချိန်များ နှင့်အညီ ဆက်လက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင် စုစုပေါင်း (၇၇၃)ဦး ဆန္ဒမဲများ ပေးခဲ့ကြသဖြင့် မဲဆန္ဒရှင် စုစုပေါင်း (၄၈၆၆)ဉီး ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


