နမ့်ဆန် ၁၃ အောက်တိုဘာ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာ အုပ်စုအတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက် ပြီးစီးမှုများကို ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့် နတလ (AD) တို့က ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြု ရန်ပုံငွေကျပ်သိန်း(၃၀၀)ဖြင့် ဆောင်ရွက်သည့် မန်ကန်ကျေးရွာအုပ်စု မန်ကန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတိုက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာလူထုများနှင့်တွေ့ဆုံရာ တောင်မကျေးရွာ၊ တောင်မဲကျေးရွာ၊ တောင်မမန်မိုင်ကျေးရွာ၊ တပ်မင်းသားကျေးရွာနှင့် လပိုင်းကျေးရွာများမှ မိဘပြည်သူ များတို့က မိမိတို၏ ကျေးရွာလိုအပ်ချက်များဖြစ်သည့် ကွန်ကရစ်လမ်း၊ တံတားတည်ဆောက်ရေး၊ စာသင်ကျောင်း မြေထိန်းနံရံနှင့် အခြားကျေးရွာအတွင်းလိုအပ်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန် တင်ပြတောင်းဆိုပြီး ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် နတလ (AD) တို့က ကျေးရွာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးရှင်းပြခဲ့ကြောင်း သိရသည်။

ကိုအောင်မိုး(ရွှေဖီမြေ)