နတ်မောက် ၁၃ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေနှင့် ဆေးရုံသုံးပစ္စည်များကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ လမ်းတံတားအထူးအဖွဲ့(၅) ဆိပ်ဖြူမှ လာရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းပေးရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူမှ ဦးအောင်ညို (ဒုတိယညွှန်ကြားရေးမှူး-မြို့ပြ)၊ ဦးအေးမြင့် (ဒုတိယညွှန်ကြားရေးမှူး-မြို့ပြ) တို့က အလှူငွေ ကျပ် ၁၈၄၀၀၀ဝ နှင့် ဆေးရုံသုံးပစ္စည်းတို့ကို ပေးအပ်လှူဒါန်းရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းစည်သူက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းဝေ(နတ်မောက်)


