ညောင်ဦး ၁၃ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ Covid-19 ကုသရေးတွင် လိုအပ်သည့်နေရာ အသုံးပြုနိုင်ရန် အတွက် အလှူငွေများကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ရာ ဦးဇော်ဝိတ်(ဟိုတယ်လုပ်ငန်းရှင်များအသင်း-ပုဂံဇုန်)က PPE ဝတ်စုံ (၁၀)စုံ၊ နှာခေါင်းစည်း အခု ၅၀ ပါ (၁၀)ဘူး၊ ညောင်ဦးခရိုင်/မြို့နယ် ကျေးလက်လမ်းဦးစီးဌာန ဝန်ထမ်းများက ငွေကျပ် (၇၀၀၀၀၀)၊ ခရိုင် လမ်းဦးစီးဌာန ဝန်ထမ်းများက ငွေကျပ်(၅၀၀၀၀၀)၊ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာန၊ တိုင်း-၁၁ ပုဂံမှ ကျပ်(၄၂၀၀၀၀)ကျပ်တို့ကို လာရောက်လှူဒါန်းကြရာ ညောင်ဦးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်အုန်း(ခရိုင်အုပ်ချုပ်ရေးမှူး)နှင့် Covid-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းကော်မတီတာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရကာ ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


