လှိုင်းဘွဲ ၁၃ အောက်တိုဘာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီ၌ စိုက်ပျိုးခဲ့သည့် မိုးစပါးများ စတင်ရိတ် သိမ်းနေပြီးဖြစ်သဖြင့် စံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက သမ္ဘာန်ကျေးရွာအုပ်စုရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာရှိ တောင်သူဒေါ်အေးသန်းနှင့် ဒေါ်မုထူးတို့ မိုးစပါးစံကွက်တွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းနှင့် ဝန်ထမ်းများ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာမှ တောင်သူ ဒေါ်အေးသန်း၏ မိုးစပါးစံကွက်တွင် (SRI) စနစ်ဖြင့် စိုက်ပျိုးထားသော စပါးများကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အစိုတင်းအထွက်နှုန်း(၇၈)တင်း ထွက်ရှိပြီး တောင်သူဒေါ်မုထူး၏ မိုးစပါးစံကွက်တွင် (Seeder)စနစ်ဖြင့် စိုက်ပျိုးထားသော စပါးများကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အစိုတင်းအထွက်နှုန်း(၇၀)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)