ကျောင်းကုန်း ၁၃ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်သွားမည့် အထူးရဲများအား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ COVID-19 Antigen(RTD)Test Kit များဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နေ့လယ်ပိုင်းတွင် ဥယျာဉ်ကြီး ဘုန်းကြီးကျောင်းနှင့် ညနေပိုင်းတွင် အ.ထ.က ဒေါင့်ကြီးကျောင်းတို့၌ စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။
ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် အထူးရဲတပ်ဖွဲ့ဝင် (၁၂၅) ဦးရှိရာ အ.ထ.က(၁)တွင်(၅၄)ဦး၊ ဥယျာဉ်ကြီးဘုန်းကြီးကျောင်းတွင် (၄၁)ဦးနှင့် အ.ထ.ကဒေါင့်ကြီးတွင် ၃၀ တို့အား (၃)နေရာခွဲ၍ သင်တန်းပေးခြင်းကိုဆောင်ရွက်နေပြီး၊ အဆိုပါ အထူးရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ COVID-19 Antigen(RTD) TestKit များဖြင့်စစ်ဆေးပေးရာ (၁၂၅) ဦး လုံး All Negative ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်ထံက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


