မန္တလေး ၁၃  အောက်တိုဘာ

မြန်မာ့စာတိုက်လုပ်ငန်းသည် ပြည်သူများ အဆင်ပြေချောမွေ့စွာဖြင့် ချောစာနှင့်ပစ္စည်းများ ပို့ဆောင်နိုင်ရေးအတွက် Covid-19 ကာကွယ်ထိန်းချုပ်ရေးကာလ အခက်အခဲများကြားမှ ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့စာတိုက်လုပ်ငန်း၏ ချောစာနှင့် ပစ္စည်းများ ပေးပို့သယ်ဆောင်နေသော မော်တော်ယာဉ်များ၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များသည် မြို့ဝင်မြို့ထွက် ဂိတ်များတွင် Covid-19 အရေးပေါ် သတ်မှတ်ထုတ်ပြန်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး အစစ်အဆေး ခံဆောင်ရွက်လျက်ရှိသည့်အတွက် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်။

 

Covid-19 ကာကွယ်ထိန်းချုပ်ရေး ကာလ လမ်းခရီးအခက်အခဲများ ရှိပါသဖြင့် ပေးပို့သောချောစာနှင့် ပစ္စည်းများ ပုံမှန်ထက် ပိုမိုကြန့်ကြာနိုင်ကြောင်း သုံးစွဲသူပြည်သူများအား မြန်မာ့စာတိုက်လုပ်ငန်းက အသိပေးထားသည်။ ပုဂ္ဂလိကယာဉ်လိုင်းများ ပိတ်ထားမှုကြောင့် မြို့နယ်နှင့် တိုင်းဒေသကြီးပြည်နယ် စာတိုက်များတွင် ချောစာနှင့် အွန်လိုင်းပစ္စည်း ပို့ဆောင်မှုများ များပြားလျက်ရှိသည်။

မောင်ပြည်သူ(မန္တလေး)