မန္တလေး ၁၃ အောက်တိုဘာ
မန္တလေးချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလမန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွန်ချက်နှင့်အညီ ဧပြီလမှစတင် ပိတ်ထားချိန်မှစတင်ပြီးမဟာမုနိဘုရားကြီး ဂေါ်ပကအဖွဲ့မှအနီးကပ် ကြီးကြပ်၍ ဘက်စုံပြုပြင် မွမ်းမံလျက်ရှိသည်။
မဟာမုနိ ဘုရားကြီးစောင်းတန်းလေးသွယ်၊ ရေသပ္ပာယ်ဆောင်၊ ဝါဆိုခြင်းလုံး အားကစားရုံ၊ ဘုရားအဝင်အထွက် လမ်းများနှင့် ဘုရားဝင်းဥယျာဉ်တို့ကို မြန်မာမှုလက်ရာများနှင့် ခေတ်မီဗိသုကာ လက်ရာများဖြင့် ဘက်စုံ ပြုပြင်မွန်းမံလျက်ရှိသည်။
မဟာမုနိဘုရားကြီး အရှေ့ဘက်စောင်းတန်းနှင့် မြောက်ဘက်စောင်းတန်း မျက်နာကြက်များကို ကျွန်းသားများနှင့် မြန်မာ့ရိုးရာပန်း(၁၀)မျိုးဖြင့် ပုံဖော်ကာပူဇော်ထားရှိပြီး ဘုရားဝင်းအတွင်းရှိ ဒုတိယထပ်ခုံးနေရာကို ရွှေချခြင်း၊ ဆိုင်ကယ်အပ်နှံသည့် နေရာနှင့်ပန်းတန်းနေရာကို ဖျက်ပြီးမြန်မာ့မှု ဗိသုကာလက်ရာများဖြင့် အသစ်တည်ဆောက်ခြင်း၊ ခြင်းလုံးအားကစားရုံ၊ ယာဉ်ရပ်နားနေရာနှင့် Tourist Information Center တို့ မြန်မာ့ဗိသုကာလက်ရာများဖြင့် အသစ်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ဘုရားဝင်း အတွင်းဘုရားဖူးလာ ပြည်သူများအနားယူ အပန်းဖြေနိုင်ရန် ဥယျာဉ်တည်ဆောက်ခြင်းတို့ကို ကျွမ်းကျင် အင်ဂျင်နီယာများဖြင့် တည်ဆောက်ပြုပြင်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်ကြောင်းနှင့် အများပြည်သူ လှူဒါန်းငွေ ဘုရားဘဏ္ဍာငွေမှ အသုံးပြု၍ ဘက်စုံပြုပြင် မွမ်းမံခြင်းဖြစ်ကြောင်း မဟာမုနိ ဘုရားဂေါပက အဖွဲ့ဥက္ကဌ ဦးစိုးလင်းထံမှ သိရသည်။
မောင်ပြည်သူ(မန္တလေး)


