ပန်းတနော်  ၁၃  အောက်တိုဘာ

ဧရာဝတီတိုင်ဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ (RDT) Test Kit များဖြင့် စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက အထူးရဲသင်တန်း ဖွင့်လှစ်သည့်နေရာ၌ စစ်ဆေးဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးမင်းသန်းက မဲရုံစောင့်မည့်ဝန်ထမ်းများအား ကျန်းမာရေးဗဟုသုတများရရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ပြီး အထူးရဲသင်တန်းတက်ရောက်နေသည့် သင်တန်းသား (၂၁၇)ဦးတို့ကို ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ Antibody(RDT) Test Kit များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ အထူးရဲတပ်သားများအားလုံး ရောဂါပိုး မတွေ့ရှိ (Negative) ဖြစ်ကြောင်း ပန်းတနော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ပန်းတနော်မြို့နယ်တွင် မဲရုံပေါင်း(၂၁၇)ရုံရှိပြီး အဆိုပါ မဲရုံလုံခြုံရေးလုပ်ငန်းများတွင် တာဝန် ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ သင်တန်းသား (၂၁၇)ဦးတို့ကို အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)