တာလေ   ၁၃  အောက်တိုဘာ
   
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့အတွင်း ဝင်ရောက်လာမည့် အခြားဒေသများမှ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အနေဖြင့် ကျန်းမာရေးထောက်ခံချက် မပါရှိပါက Rapid Test Kit ဖြင့် စစ်ဆေးပြီး ရောဂါပိုးကင်းရှင်းမှသာလျှင် တာလေမြို့အတွင်းသို့ ဝင်ရောက်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တာလေမြို့ဝင်တိုးဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ Rapid Test Kit ဖြင့် စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိပြီး ရောဂါပိုးကင်းရှင်းမှသာလျှင် တာလေမြို့အတွင်း ဝင်ရောက် ဖြတ်သန်းခွင့်ပြု မည်ဖြစ်ပြီး အခြားနေရပ်ဒေသများမှ ခရီးသွားမိဘပြည်သူများအနေဖြင့် မည်သူမဆို ခရီးသွားလာရမည့် ကိစ္စရပ်များ ရှိပါက သက်ဆိုင်ရာထောက်ခံချက်များ ယူဆောင်လာကြရန်နှင့် လူတိုင်း Mask တပ်ဆင်သွားလာရန်၊ Mask မတပ်ဆင်သူများကို (၂၀ဝ)ကျပ် ဒဏ်ရိုက်ပြီး ယခုဝယ် ယခုတပ် အလေ့အကျင့်ဖြစ်စေရေး တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(မြို့နယ်  ပြန်/ဆက်)