ကျုံပျော် ၁၄ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ၊ အထောင်မြို့တွင် အလှူရှင်များက ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၆၃) စုကို ဆန်နှင့် စားသောက်ကုန်များ ထောက်ပံ့ခြင်းကို အောက်တိုဘာ ၁၃ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှူဒါန်းပစ္စည်းများမှာ အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ ၊ကြက်သွန်နီနှင့် ခေါက်ဆွဲခြောက် စသည်တို့ ဖြစ်ပြီး၊ အထောင်မြို့ရှိ ဦးဝင်းဦး(ဝင်းမေတ္တာဆန်စက်)နှင့် သူငယ်ချင်းများက စုပေါင်း လှူဒါန်းခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများ စားဝတ် နေရေး အဆင်ပြေစေရန် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
လှူဒါန်းမှုမှာ စုစုပေါင်း တန်ဖိုးငွေကျပ် (၇) သိန်းခွဲဖြစ်ပြီး၊ အထောင်မြို့အမှတ်(၄) ရပ်ကွက်၊ မအူချောင်း နယ်မြေရှိ ချို့တဲ့အိမ်ထောင်စု (၆၃) စုသို့ ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)


