လှိုင်းဘွဲ   ၁၄    အောက်တိုဘာ

 

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ပြန်လာသူများကို Facility Quaratine နှင့် Home Quaratine စနစ်တကျ ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိပြီး ယမန်နေ့က နေရပ်ပြန် ပြည်သူ(၁၉)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့်   စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

 

mdn

 

 

အဆိုပါ နှာခေါင်တို့ဖတ်နှင့် အာခေါင်တို့ဖတ် ရယူစစ်ဆေးရာတွင် မြိုင်ကြီးငူတိုက်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒေါက်တာ သန်းထိုက်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများက မြိုင်ကြီးငူ အထူးဒေသ အာရောဂျဒါနဆေးရုံရှိ  Facility Quarantine Centre တွင် ထားရှိသော နေရပ်ပြန် ပြည်သူ(၁၉) တို့ကို Test Kit ဖြင့် နှားခေါင်းတို့ဖတ်နှင့်အာခေါင်တို့ဖတ် ရယူစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ(Negative)ဖြစ်ကြောင်း သိရှိရသည်။

 

 

ခင်စန်းမြင့်(ပြန်/ဆက်)