ကျောက်ကြီး ၁၄   အောက်တိုဘာ

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့၏ ပံ့ပိုး လမ်းညွှန်မှုဖြင့် ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ စစ်တောင်း မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျနိုင်သည့် အန္တရာယ်ဖြစ်ပေါ်လာနိုင်သဖြင့် နေအိမ် တစ်လုံး (၂) လုံး ပြောင်းရွှေ့ခဲ့ရမှုအပေါ် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်း ထောက်ပံ့ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များက မိသားစုသုံး ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းများ၊ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများ၊ အမျိုးသမီး တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ တာပေါ်လင်နှင့် ရေသန့်ဘူးများအား ပြောင်းရွေ့ အိမ်ထောင်စုဝင်များ လက်အရောက် ကွင်းဆင်းထောက်ပံမှုပေးအပ်ခဲ့ကြောင်း သိရသည်။

 

 အောက်တိုဘာ ၁၁ ရက် နံနက် ၈ နာရီခွဲအချိန်က  နတ်သံကွင်းကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ၌ (၃ပင် × ၄ပင်) သွပ်မိုး၊ ထရံကာ ပျဉ်ခင်း နေအိမ်နှစ်လုံးတို့အား ဖျက်သိမ်း၍ နီးစပ်ရာ ဆွေမျိုးများ နေအိမ်သို့ ပြောင်းရွေ့ရမှုအပေါ် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး မင်းမြတ်ဘုန်း ပြောကြားချက်အရ သိရသည်။

 

ကိုသားကြီး( ကျောက်ကြီး)