ရန်ကုန် ၁၄ အောက်တိုဘာ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်း (၄၀) အတွက် အခြေခံစားသောက်ကုန်များနှင့် နေ့လယ်စာ အာဟာရများကို ယမန်နေ့နံနက်ပိုင်းက အလှူရှင် မိသားစုမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာရောက်လှူဒါန်းခဲ့ကြသည်။

 

ထို့သို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ရှေ့တန်းမှဆောင်ရွက်နေရသော ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ထောင့် တစ်နေရာမှ အားဖြည့်ကူညီနိုင်ရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ထမ်း (၄၀)  အတွက် အခြေခံ စားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်များနှင့် နေ့လယ်စာအတွက် ဒံပေါက်နှင့် အချိုရည်ဘူးများကို ဒေါက်တာဟေမာဇော်၏ ဦးဆောင်မှုဖြင့် အလှူရှင်များဖြစ်ကြသော ဦးခင်ကိုနိုင်၊ ဒေါ်ခင်လေးမြင့် (သား) မောင်ဇေယျာနိုင်နှင့် မောင်သူရထက်နိုင် မိသားစုတို့က လာရောက်လှူဒါန်းကြရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဥမ္မာမြင့်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

ချစ်စုဝေ (ပြန်/ဆက်)

 

mdn