နမ္မတူ ၁၄ အောက်တိုဘာ

 

နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ Online စနစ်ဖြင့် အများပြည်သူ အသိပညာပေး “မိုင်းအန္တရာယ်ဆိုင်ရာ” အသိပညာပေး (Talk Show) ကို  အောက်တိုဘာ (၁၃)ရက် နံနက် (၉)နာရီခွဲခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

 

ရှေ့ဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက Online စနစ်ဖြင့် အများပြည်သူအသိပညာပေး “မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် နမ္မတူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးဝင်းကိုက ကြက်ခြေနီနှင့် လခြမ်းနီ လှုပ်ရှားမှု၏ အခြေခံမူ (၇)ချက်၊ ကြက်ခြေနီတံဆိပ်၏ အကာအကွယ်ပေးနိုင်မှုနှင့် လေးစားမှု၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ လှုပ်ရှားဆောင်ရွက်မှုများအား အသိပညာပေးရှင်းလင်းခဲ့ပြီး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိတပ်ဖွဲ့မှူး ဒေါ်ဌေးဌေးညွန့်၊ မိတ်ဆွေ ကောင်းလူမှုကူညီရေး အသင်းမှ ဒေါ်အေးသန္တာအောင်နှင့် ဒေါ်ဟေမာနှင်းဦးတို့က မိုင်းအမျိုးမျိုး၊ မပေါက်ကွဲသေးသော စစ်လက်နက်ခဲယမ်းများ၏ ခြိမ်းခြောက်မှုအန္တရာယ် အကြောင်းအရာများနှင့် ကာကွယ်ရန်နည်းလမ်းများ၊ အန္တရာယ်သတိပေး အညွှန်းများနှင့် အမှတ်အသားများ၊ သတင်းအချက်အလက်မျှဝေခြင်းနှင့် အစီရင်ခံခြင်း စသည့်အကြောင်းအရာများအား ဗွီနိုင်းပိုစတာများဖြင့် အသေးစိတ် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး “မိုင်းအန္တရာယ်ဆိုင်ရာ” အသိပညာပေး (Talk Show) ကို “နမ္မတူမြို့နယ် ပြည်သူ့စာကြည့်တိုက်” Page နှင့် “IPRD Namtu” Page တို့တွင် အများပြည်သူအသိပညာပေး ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်း ထံက သိရှိရသည်။

 

လူမော် (ပြန်/ဆက်)

 

mdn