မယ်စဲ့ ၁၄  အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နံနက်က အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အငယ်တန်းစားရေး ဦးမျိုးမင်းသန့်နှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ရှိ ဌာနဆိုင်ရာများ၊ နမ့်မန်း စစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ် စစ်ဆေးရေးဂိတ် တို့တွင် တာဝန်ထမ်းဆောင်နေသော ပူးပေါင်းအဖွဲ့များအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် လျှော်ဖွတ်အသုံးပြုနိုင်သည် အဝတ်နှာခေါင်းစည်း (Mask) (၁၈၀) ခုနှင့် လက်ဆေးဆပ်ပြာခဲ အတုံး (၈၀) တို့ကို အခမဲ့ လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)